back

PSG ၅-၄ ဘိုင်ယန်မြူးနစ်ပွဲက မိမိရဲ့ နည်းပြဘဝမှာ အကောင်းဆုံးပွဲလို့ အန်နရီကေးပြောကြားခဲ့ပြီး ချန်ပီယံလိဂ်နိုင်ပွဲ(၅၀) အမြန်ဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်

Apr 29 • 3:51 AM

breaking-news

Myanmar

International

cover

PSG ၅-၄ ဘိုင်ယန်မြူးနစ်ပွဲက မိမိရဲ့ နည်းပြဘဝမှာ အကောင်းဆုံးပွဲလို့ အန်နရီကေးပြောကြားခဲ့ပြီး ချန်ပီယံလိဂ်နိုင်ပွဲ(၅၀) အမြန်ဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်

PSG နည်းပြ အန်နရီကေးက PSG ၅-၄ ဘိုင်ယန်မြူးနစ်ပွဲက မိမိရဲ့ နည်းပြဘဝတစ်လျှောက် အကောင်းဆုံးပွဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဒီပွဲက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖို...

PSG နည်းပြ အန်နရီကေးက PSG ၅-၄ ဘိုင်ယန်မြူးနစ်ပွဲက မိမိရဲ့ နည်းပြဘဝတစ်လျှောက် အကောင်းဆုံးပွဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဒီပွဲက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဂိုးအများဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဥရောပဖလားပြိုင်ပွဲခေတ်ကိုပါ ထည့်တွက်မယ်ဆိုရင်တော့ ၁၉၅၉-၆၀ ရာသီက ရိန်းဂျားစ် ၃-၆ ဖရန့်ဖတ်ပွဲနောက်ပိုင်း ဂိုးအများဆုံးဆီမီးဖိုင်နယ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။စပိန်နည်းပြ အန်နရီကေးက ဘာစီလိုနာအသင်းကို အကောင်းဆုံးအချိန်မှာ ကိုင်တွယ်ခဲ့ဖူးပြီး ဖလားသုံးလုံးအောင်ပွဲလည်း ရယူနိုင်ခဲ့ပေမဲ့ အခုလောက်ကောင်းတဲ့ပွဲ မမြင်တွေ့ဖူးဘူးလို့ ပြောကြားခဲ့တာပါ။အန်နရီကေးဟာ ဘိုင်ယန်မြူးနစ်ကို အနိုင်ရတဲ့ပွဲမှာ နည်းပြဘဝ ချန်ပီယံလိဂ်နိုင်ပွဲ(၅၀) ပြည့်မြောက်ခဲ့ပြီး ဒီအတွက် (၇၇)ပွဲသာ ကိုင်တွယ်ခဲ့ရပါတယ်။ဒါကြောင့် ပွဲ(၈၀)ကိုင်တွယ်ပြီး နိုင်ပွဲ(၅၀)ပြည့်မြောက်ခဲ့တဲ့ လက်ရှိ မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်နိုင်ပွဲ(၅၀) အမြန်ဆုံးပြည့်မြောက်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

news-view-count-icon

19