ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ၂၈.၄.၂၀၂၆ ရက်နေ့၊ ၁၉:၁၀ မိနစ်အချိန်ခန့်၊ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ထို့ကြောင့် မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာ၊ သံတောင်လမ်းမပေါ်တွင် သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် တောင်ငူမြို့နယ်မီးသတ်သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။



