ရန်ကုန်၊ ဗဟန်းမြို့နယ်၌ ကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတယ်ဆိုပြီး သံသယနဲ့ သတင်းထွက်နေတဲ့ ရွှေလိပ်ပြာဟိုတယ်ကို ခရိုင်ဦးစီးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ အဲဒီဟိုတယ်ဘက်က ထုတ်ပြန်ထားပါတယ်။ရွှေလိပ်ပြာဟိုတယ်မှာ အပြင်လူတည်းခိုတာမရှိဘဲ ကျားဖြန့်လုပ်ငန်းသက်သက် လုပ်ကိုင်နေကာ မသိနားမလည်ဘဲ ဝန်ထမ်းခေါ်လို့ ဝင်ရောက်လုပ်ကိုင်သူအချို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရတာတွေ ရှိတယ်ဆိုပြီး သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။အဲဒီလို သတင်းထွက်ပေါ်ပြီးနောက်မှာ ခရိုင်ဦးစီးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းပေါင်းစုံ ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ရွှေလိပ်ပြာဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ ဦးမျိုးမင်းထွေးက ဧပြီ ၂၇ ရက်မှာ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။ဟိုတယ်ကို ပျက်စီးစေအောင် မဟုတ်မမှန် စွပ်စွဲပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေသလို ဧည့်သည်တွေ လာရောက်တည်းခိုနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



