back

ထိုင်းနိုင်ငံသားများ ပြည်ပထွက်ခွာပါက အခွန်ဘတ် ၁,၀၀၀ ကောက်ခံရန် စီစဉ်နေ

Apr 29 • 1:52 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံသားများ ပြည်ပထွက်ခွာပါက အခွန်ဘတ် ၁,၀၀၀ ကောက်ခံရန် စီစဉ်နေ

ထိုင်းနိုင်ငံသားများ ပြည်ပသို့ ခရီးထွက်သည့်အခါ တစ်ဦးလျှင် ဘတ် ၁,၀၀၀ နှုန်းဖြင့် ပြည်ပထွက်ခွာခွန် (Exit Fee) ပြန်လည်ကောက်ခံရန် ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန...

ထိုင်းနိုင်ငံသားများ ပြည်ပသို့ ခရီးထွက်သည့်အခါ တစ်ဦးလျှင် ဘတ် ၁,၀၀၀ နှုန်းဖြင့် ပြည်ပထွက်ခွာခွန် (Exit Fee) ပြန်လည်ကောက်ခံရန် ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်နေသည်။ အဆိုပါအစီအစဉ်ကို ၁၉၈၃ ခုနှစ်က ပြဌာန်းခဲ့သည့် ဥပဒေဟောင်းအား ပြန်လည်အသက်သွင်းရန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံသားများသည် တစ်နှစ်လျှင် ပြည်ပခရီးစဉ်ပေါင်း ၁၀ သန်းခန့် သွားလာနေသဖြင့် ဤအခွန်ကောက်ခံမှုမှတစ်ဆင့် တစ်နှစ်လျှင် အစိုးရအတွက် ရန်ပုံငွေ ဘတ် ၁၀ ဘီလီယံ ခန့် ရရှိမည်ဖြစ်သည်။ လေယာဉ်လက်မှတ်ခများ မြင့်တက်နေသည့် လက်ရှိကာလတွင် ဘတ် ၁,၀၀၀ ခန့်မှာ ခရီးသွားများအပေါ် သက်ရောက်မှုနည်းပါးမည်ဟု ဝန်ကြီးဌာနက ယုံကြည်ထားပြီး အစိုးရအဖွဲ့မှ အတည်ပြုပါက ချက်ချင်းအကောင်အထည်ဖော်သွားဖွယ် ရှိနေသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များထံမှ Landing Fee (ဘတ် ၃၀၀) ကောက်ခံမည့် အစီအစဉ်ကိုလည်း သီးခြားဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

16