မွန်ပြည်နယ်၌ ပြည်သူများဝေဖန်ပြောဆိုနေသည့် မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက် အမှိုက်များ ရှင်းလင်းရေးကို အရှိန်အဟုန်မြင့်ဆောင်ရွက်နေကြောင်း သိရသည်။မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်တွင် စုပုံစွန့်ပစ်ထားသော အမှိုက်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး မြို့တွင်းစည်ပင်သာယာရေးအဖွဲ့မှ စည်းစနစ်တကျ စီမံဆောင်ရွက်ပေးရန် ဒေသခံများက လူမှုကွန်ရက်စာမျက်နှာ၌ ဝေဖန်ပြောဆိုရေးသားကာ ရှင်းလင်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ထို့နောက် ကမ်းနားလမ်းတစ်လျှောက်ရှိ အမှိုက်ပုံးများအတွင်းမှ အမှိုက်များကို အမှိုက်သိမ်းယာဉ်များ ဖြင့် ပုံမှန်သိမ်းဆည်းပေးခြင်းအပြင် မြစ်ကမ်းပါးတစ်လျှောက် သန့်ရှင်းသပ်ရပ်စေရေးအတွက်ယန္တရားများ၊ အမှိုက်သယ်ယာဉ်များ အသုံးပြု၍ အင်းတိုက် အားတိုက် ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ 
Apr 29 • 1:51 AM
Myanmar
Mon
Share
| 23 | 0 | 0 | 0 |


