back

ထိုင်း ကွန်ဒိုတွေ ဝယ်ယူမှု၌ မြန်မာက အမေရိကန် နဲ့ တရုတ်ကို ကျော်၍ အများဆုံးမြင့်မားလာ

Apr 29 • 1:50 AM

breaking-news

Thailand

Local News

cover

ထိုင်း ကွန်ဒိုတွေ ဝယ်ယူမှု၌ မြန်မာက အမေရိကန် နဲ့ တရုတ်ကို ကျော်၍ အများဆုံးမြင့်မားလာ

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုမီနီယံဈေးကွက်မှာ အဓိကဝယ်ယူနေကျဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ဝယ်ယူမှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ သိသိသာသာ ကျဆင်း...

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုမီနီယံဈေးကွက်မှာ အဓိကဝယ်ယူနေကျဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ဝယ်ယူမှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ (REIC) ရဲ့ အဆိုအရ တရုတ်ဝယ်ယူသူတွေရဲ့ ပမာဏဟာ ၁၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သလို အမေရိကန် ဝယ်ယူသူတွေဘက်ကလည်း ၁၁ ဒသမ ၈ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားတာကို တွေ့ရပါတယ်။ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံက ဝယ်ယူသူတွေဟာ အရင်နှစ်ထက်စာရင် ၄၁ ဒသမ ၈ ရာခိုင်နှုန်းအထိ ပိုများလာပြီး ကွန်ဒိုယူနစ်ပေါင်း ၁,၉၆၈ ခုအထိ ဝယ်ယူခဲ့ကြတာကြောင့် ဝယ်ယူမှုအများဆုံး မြင့်တက်လာတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒါပေမဲ့ ဝယ်ယူတဲ့ စုစုပေါင်းတန်ဖိုးကတော့ ၁၂ ဒသမ ၅ ရာခိုင်နှုန်းလောက် လျော့ကျသွားတာကြောင့် မြန်မာဝယ်ယူသူတွေဟာ ဈေးနှုန်းသက်သာတဲ့ ကွန်ဒိုတွေကို ပိုပြီးရွေးချယ်လာကြတယ်လို့ သုံးသပ်ရပါတယ်။


news-view-count-icon

17