တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ကျောက်ချန်ကျုံးလမ်း၊ ဖန်လုံမြစ်ကမ်းနံဘေးတွင်လတ်တလောရက်ပိုင်း၌ စိန်ပန်းပြာများ သူ့ထက်ငါအပြိုင် ဝေဆာဖူးပွင့်လျက်ရှိနေပါသည်။စိန်ပန်းပြာပွင့်ချိန် မြို့သူ၊ မြိုသားနှင့် ခရီးသွားဧည့်သည်များစွာက လာရောက်လည်ပတ်ရှုစားပြီး ဓာတ်ပုံရိုက်ရင်း ခရမ်းပြာပန်းပင်လယ်တွင် ဆုံစည်းကြရန် ဆွဲဆောင်လျက်ရှိသည်။



