back

ရန်ကုန်၊ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် မနက်ဖန်၌ ကဆုန်ညောင် ရေသွန်းပွဲတော် ကျင်းပမည်

Apr 29 • 1:25 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်၊ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် မနက်ဖန်၌ ကဆုန်ညောင် ရေသွန်းပွဲတော် ကျင်းပမည်

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် (၅၅) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မနက်ဖန် ဧပြီလ ၃၀ ရက်နေ့...

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် (၅၅) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မနက်ဖန် ဧပြီလ ၃၀ ရက်နေ့(ကဆုန်လပြည့်နေ့)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။အဆိုပါ ပွဲတော်ကို ဧပြီ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်မှစတင်၍ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်မှာဖြစ်ပြီး ညောင်ရေသွန်းလောင်းခြင်း အစီအစဉ်အား စေတီတော် အနောက်ဘက်ထောင့်ရှိ မဟာဗောဓိညောင်ပင်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ထိုနေ့တွင် ဘုရားဖူးလာရောက်ကြမည့် ရဟန်းရှင်လူများအတွက် အမွေးနံ့သာရည်များနှင့် အောင်သပြေအိုးများကို စေတီတော်ဂေါပကအဖွဲ့မှ အခမဲ့ စီစဉ်ပေးထားမှာဖြစ်ကြောင်း၊ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် စေတီတော်ကြီးကို ည ၉ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

28