back

ပြည်တွင်း၌ ဆန်ဈေး မထိန်းချုပ်နိုင်ဘဲ ဈေးဆက်တိုက်မြင့်တက်

Apr 29 • 1:23 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ဆန်ဈေး မထိန်းချုပ်နိုင်ဘဲ ဈေးဆက်တိုက်မြင့်တက်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်ဈေးမြင့်တက်မှုကို ထိန်းချုပ်ဖို့ အစီအစဉ်တွေ ဆက်တိုက် လုပ်ဆောင်နေပေမဲ့ လက်ရှိမှာ ဆန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး ပြည်သူ...

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်ဈေးမြင့်တက်မှုကို ထိန်းချုပ်ဖို့ အစီအစဉ်တွေ ဆက်တိုက် လုပ်ဆောင်နေပေမဲ့ လက်ရှိမှာ ဆန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး ပြည်သူတွေ ဈေးကြီးပေးဝယ် စားသောက်နေရပါတယ်။ သင်္ကြန်ကာလအပြီးမှာလည်း ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ကြားကပဲ ဆန်ဈေးတွေက အဆမတန် မြင့်တက်လာခဲ့ပါတယ်။ရန်ကုန်က ဆန်ဆိုင်ကြီးတွေရဲ့ ဧပြီလလယ်ဈေးနှုန်းတွေမှာ ရွှေဘိုပေါ်ဆန်း (ဒု- ထိပ်စ - Premium Light) ၂၄ ပြည်ဝင် တအိတ်ကို ၂၆၀,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ထူးရှယ်) က ၂၁၀,၀၀၀ ကျပ်၊ ကြားပျံထူးရှယ်က ၁၇၅,၀၀၀ ကျပ်၊ ဧရာပေါ်ဆန်းမွေးတအိတ်ကို ၁၇၂,၀၀၀ ကျပ်၊ ဆင်းသွယ်ထူးရှယ် (ဟောင်း) တအိတ်ကို ၁၃၅,၀၀၀ ကျပ်၊ ဇီယာရှယ်တအိတ်ကို ၁၁၅,၀၀၀ ကျပ်နဲ့ ငစိန် (ဆန်ကြမ်း) တအိတ်မှာ ၈၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

news-view-count-icon

30