နေပြည်တော်ကောင်စီနယ်မြေမှာ ဧပြီ၂၈ရက်၊ ညနေ၄နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ပြိုလဲကုန်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့ရှိ နေရာ ၃၈ နေရာမှာ ဓာတ်တိုင်နဲ့ သစ်ပင်တွေပြိုလဲပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ အဆောက်အဦးတွေနဲ့ မော်တော်ယာဉ်တွေအပေါ် ပိမိပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
Apr 29 • 1:47 AM
Myanmar
Naypyidaw
Share
| 45 | 0 | 0 | 0 |


