၂၀၂၆ ခုနှစ်၊ တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ရန်ကုန်မြို့တွင် ဧပြီလ ၂၇ ရက်မှ မေလ ၄ ရက်အထိ ကျင်းပလျက်ရှိရာ ပြိုင်ပွဲဝင်အသင်းများအား မိတ်ဆက်ဂုဏ်ပြုခြင်း အခမ်းအနားကို ဧပြီလ ၂၆ ရက်က သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက်၍ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်များ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး၊ တိုင်းနှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရှိရပါသည်။


