back

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံး အကယ်ဒမီအတွက် အပြီးသတ်လူရွေးချယ်ခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မေလအတွင်းပြုလုပ်မည်

Apr 28 • 7:52 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံး အကယ်ဒမီအတွက် အပြီးသတ်လူရွေးချယ်ခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မေလအတွင်းပြုလုပ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ပဏာမရွေးချယ်ခံရသူများအား အပြီးသတ်လူရွေးချယ်ခြင်း...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ပဏာမရွေးချယ်ခံရသူများအား အပြီးသတ်လူရွေးချယ်ခြင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့တွင် မေ ၉ ရက်နေ့လည် ၁ နာရီ၌ စာရွက်စာတမ်းစိစစ်ခြင်းနှင့် ဆေးစစ်မှုများ၊ မေ ၁၀ ရက်နှင့် မေ ၁၁ ရက်နံနက် ၆ နာရီခွဲတို့တွင်လက်တွေ့ရွေးချယ်မှုများ ၊ မန္တလေးမြို့တွင် မေ ၁၇ ရက်နေ့လည် ၁ နာရီ၌ စာရွက်စာတမ်းစစ်ဆေးခြင်းနှင့် ဆေးစစ်မှုများ၊ မေ ၁၈ ရက်နှင့် မေ ၁၉ ရက်နံနက် ၆ နာရီခွဲတို့တွင် လက်တွေ့ရွေးချယ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

30