တရုတ်သိပ္ပံပညာရှင်များသည် ကျောက်မီးသွေးကို မီးရှို့ရန်မလိုဘဲ လျှပ်စစ်ဓာတ်အား တိုက်ရိုက်ထုတ်ယူနိုင်သည့် ZC-DCFC ဟုခေါ်သော လောင်စာဆဲလ်နည်းပညာသစ်ကို ပထမဆုံးအကြိမ် ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဤစနစ်သည် ကျောက်မီးသွေးမှုန့်များကို လောင်စာဆဲလ်အတွင်း လျှပ်စစ်ဓာတုနည်းဖြင့် ဓာတ်တိုးစေကာ စက်မှုတာဘိုင်များ အသုံးပြုရန်မလိုဘဲ လျှပ်စစ်ထုတ်လုပ်ပေးခြင်းဖြစ်ပြီး၊ ထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း ပြင်ပသို့မထုတ်လွှတ်ဘဲ ဓာတုကုန်ကြမ်းများအဖြစ် ချက်ချင်းဖမ်းယူပြောင်းလဲနိုင်သည့်အတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကာဗွန်ထုတ်လွှတ်မှုကို လုံးဝရှောင်ရှားနိုင်မည်ဖြစ်သည်။ ပုံမှန်ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်ခြင်းထက် စွမ်းအင်ထိရောက်မှု ပိုမိုမြင့်မားသည့် ဤနည်းပညာသည် ကျောက်မီးသွေးအသုံးပြုမှုဆိုင်ရာ အယူအဆဟောင်းကို စိန်ခေါ်လိုက်ပြီး အဖိုးတန်ဓာတုဒြပ်ပေါင်းများပါ ပြန်လည်ထုတ်လုပ်နိုင်သည့် အကျိုးကျေးဇူးများရှိကြောင်း သိရှိရပါသည်။
တရုတ်သိပ္ပံပညာရှင်များ ကာဗွန်ထုတ်လွှတ်မှုမရှိဘဲ လျှပ်စစ်ထုတ်နိုင်သည့် ကျောက်မီးသွေးလောင်စာဆဲလ်ကို တီထွင်
Apr 28 • 7:51 AM
China
Local News
Share
| 16 | 0 | 0 | 0 |


