back

မြန်မာနှင့် ထိုင်းနိုင်ငံအထက်ပိုင်းတို့တွင် မေလဆန်းအထိ မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း သတိပေး

Apr 28 • 8:01 AM

breaking-news

Myanmar

International

cover

မြန်မာနှင့် ထိုင်းနိုင်ငံအထက်ပိုင်းတို့တွင် မေလဆန်းအထိ မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း သတိပေး

ဧပြီလ ၂၈ ရက်မှ မေလ ၂ ရက်အတွင်း ထိုင်းနိုင်ငံအထက်ပိုင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့တွင် နွေမုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျခြင်း၊ မိုးသီးကြွေခြ...

ဧပြီလ ၂၈ ရက်မှ မေလ ၂ ရက်အတွင်း ထိုင်းနိုင်ငံအထက်ပိုင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့တွင် နွေမုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနများက သတိပေးထားသည်။ တရုတ်နိုင်ငံဘက်မှလာသော လေဖိအားကြီးရပ်ဝန်းနှင့် ထိုင်းနိုင်ငံရှိ အလွန်ပူပြင်းသောလေထုတို့ ထိပ်တိုက်တွေ့ဆုံရာမှ မုန်တိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် ခိုင်ခံ့မှုမရှိသော ဆိုင်းဘုတ်များနှင့် သစ်ပင်ကြီးများအနီး နေထိုင်ခြင်းကို ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။ မြန်မာနိုင်ငံတွင်လည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးတိမ်တောင်များ အားကောင်းနေပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းနှင့်အတူ ရုတ်တရက်လေပြင်းတိုက်ခတ်နိုင်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပြင်ဦးလွင်၊ တပ်ကုန်းနှင့် တောင်ငူအပါအဝင် မြို့အချို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

21