back

ရန်ကုန်မြို့တွင်းလူစည်ကားရာနေရာများ၌ limited အဝတ်အစားလုယက်မှုများကိုဆယ်ကျော်သက်အုပ်စုများ လုပ်ဆောင်လာ

Apr 28 • 4:36 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့တွင်းလူစည်ကားရာနေရာများ၌ limited အဝတ်အစားလုယက်မှုများကိုဆယ်ကျော်သက်အုပ်စုများ လုပ်ဆောင်လာ

ရန်ကုန် မြို့တွင်း လူစည်ကားရာနေရာများတွင် ဆယ်ကျော်သက် လူငယ်အုပ်စုများက အခြား လူငယ်များကို ဝိုင်းဝန်းရိုက်နှက်ပြီး ဝတ်ဆင်ထားသည့် အဝတ်အစားများကို အတင်းအဓမ္မ ချွတ်...

ရန်ကုန် မြို့တွင်း လူစည်ကားရာနေရာများတွင် ဆယ်ကျော်သက် လူငယ်အုပ်စုများက အခြား လူငယ်များကို ဝိုင်းဝန်းရိုက်နှက်ပြီး ဝတ်ဆင်ထားသည့် အဝတ်အစားများကို အတင်းအဓမ္မ ချွတ်ယူလုယက်သည့် ဖြစ်စဉ်များ တိုးလာနေကြောင်း သိရသည်။

ရန်ကုန်လှည်းတန်း၊ မြေနီကုန်း၊ Myanmar Plaza၊ M Tower နှင့် Center တို့တွင် အများဆုံး ဖြစ်ပွားနေပြီး NRF, SIS, IWYWH, NFC စသည့် Local Brand အဝတ်အစားများကို ပစ်မှတ်ထားကြသည်။ အဆိုပါ အဝတ်အစားများသည် Limited Edition ဖြစ်သဖြင့် ပြန်လည်ရောင်းချရာတွင် ဈေးနှုန်း မြင့်မားနေခြင်းကြောင့် ဒုစရိုက်မှု ကျူးလွန်မှုများ ဖြစ်ပေါ်နေသည်ဟု လူငယ်များက ပြောကြသည်။ကျူးလွန်သူများသည် အသက် ၁၃ နှစ်မှ ၁၈ နှစ်အတွင်း ဆယ်ကျော်သက်များဖြစ်ပြီး အုပ်စုလိုက် လှုပ်ရှားကြသည်။ လူပြတ်နေရာများ၊ အများပြည်သူသုံး အိမ်သာများတွင် စောင့်ဆိုင်းကာ ခါးပတ်များဖြင့် ရိုက်နှက်ပြီး အဝတ်အစားများကို ချွတ်ယူသွားကြသည်။ခံရသူများထဲတွင် လက်ကျိုး၊ သွေးထွက်သံယို စသည့် ဒဏ်ရာများ ရရှိသူများလည်းရှိပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။ကျူးလွန်သူများသည် လုယူထားသည့် အဝတ်အစားများကို Telegram Channel များတွင် ကြွားဝါတင်ပြနေကြပြီး “ဘယ်ဘရန်းအဝတ်အစားကို လုနိုင်ခဲ့သည်” ဟူသော အကြောင်းအရာများကို မျှဝေနေကြသည်ဟု ဒေသခံများက ဆိုသည်။တိုင်ကြားမှုများ ရဲထံသို့ ရောက်ရှိသော်လည်း အချိန်တိုအတွင်း ပြန်လွတ်လာကြောင်း လူငယ်များက ပြောကြသည်။

news-view-count-icon

48