back

ဧရာဝတီတိုင်း၌ စက်သုံးဆီအခက်အခဲကြောင့် မိုးစပါးစိုက်တောင်သူတွေ အခက်အခဲကြုံ

Apr 28 • 3:23 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၌ စက်သုံးဆီအခက်အခဲကြောင့် မိုးစပါးစိုက်တောင်သူတွေ အခက်အခဲကြုံ

ဧရာဝတီတိုင်း၌ စက်သုံးဆီတစ်လီတာကို ကျပ်တစ်သောင်းကျော်ထိ စျေးရှိနေပြီး ဝယ်ရခက်နေတာကြောင့် လယ်ယာလုပ်ငန်း အဓိက လုပ်ကိုင်ကြတဲ့ ဧရာ၀တီတိုင်း အတွင်းက လယ်သမားတွေဟာ စက်သ...

ဧရာဝတီတိုင်း၌ စက်သုံးဆီတစ်လီတာကို ကျပ်တစ်သောင်းကျော်ထိ စျေးရှိနေပြီး ဝယ်ရခက်နေတာကြောင့် လယ်ယာလုပ်ငန်း အဓိက လုပ်ကိုင်ကြတဲ့ ဧရာ၀တီတိုင်း အတွင်းက လယ်သမားတွေဟာ စက်သုံးဆီ မရကြသေးဘူးလို့ ပြောကြပါတယ်။ထွန်စက်နဲ့ ရေတင်စက်တွေ အသုံးပြုကြရတဲ့ တောင်သူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီရဲ့ ထောက်ခံချက်တွေပါမှပဲ ဆီထုတ်ပေးနေတာဖြစ်ပြီး အဲဒီထောက်ခံစာ တစောင်အတွက် အနည်းဆုံး ကျပ်ငါးထောင် ပေးနေကြရကာ ဆီသွားထုတ်တဲ့ အခါမှာလည်း လိုသလောက်မရဘဲ တဂါလံကနေ သုံးဂါလံဝန်းကျင်သာ ဝယ်လို့ရကြတယ်လို့ ဆိုပါတယ်။အခုအခါ ဧရာ၀တီတိုင်းအတွင်း ငရုတ်၊ ပြောင်းစတဲ့ ဆောင်းသီးနှံစိုက် တောင်သူတွေမှာ ရေတင်ဖို့အတွက် စက်သုံးဆီ လိုအပ်ချက်တွေ ရှိနေပြီး တချို့စိုက်ခင်းတွေဆိုရင် ဓါတ်ဆီဝယ်မရတာကြောင့် ရေမတင်နိုင်ဘဲ ပျက်စီးသွားခဲ့ရတာတွေလည်း ရှိနေပါတယ်။ဒါ့အပြင် မိုးစပါးအတွက် စက်သုံးဆီအခက်အခဲပါ ထပ်ကြုံနေကြရတာပါ။ ဒါ့ကြောင့် လယ်သမားတွေအတွက် စက်သုံးဆီ အလုံအလောက်ရရှိဖို့ သင့်တင့်တဲ့ စျေးနှုန်းတခုနဲ့ အလွယ်တကူ ဝယ်နိုင်အောင် စီစဉ်ပေးဖို့ လိုအပ်တယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

news-view-count-icon

18