နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ အထည်ချုပ်နှင့် စက်မှုကုန်ချော အစရှိသည့် ပို့ကုန်များကို တိုးမြှင့်တင်ပို့ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံမှ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ရှိ လုပ်ငန်းရှင်များအား တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ထို့အပြင် နိုင်ငံတကာဈေးကွက်များ ချဲ့ထွင်နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအလိုက်ရှိ စီးပွားရေး သံမှူးများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်းလည်း ဧပြီ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့တဲ့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် သွင်းကုန်တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ၎င်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Apr 28 • 2:05 AM
Myanmar
Local
Share
| 43 | 0 | 0 | 0 |


