လာမယ့် ၂၀၂၆-၂၇ ရာသီမှာ ချန်ပီယံလိဂ် League Phase အဆင့် ယှဉ်ပြိုင်ခွင့်ရဖို့ အသင်း(၉)သင်း အဖြေထွက်ခဲ့ပြီဖြစ်ကြောင်း သိရသည်၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်မှာ ဒီရာသီလိုပဲအသင်း(၃၆)သင်း ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး လောလောဆယ် အဖြေပေါ်သွားတဲ့အသင်းတွေကတော့ အာဆင်နယ်၊ မန်စီးတီး၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ PSG နဲ့ PSV တို့ ဖြစ်ပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်အတွက် ဝင်ခွင့်ခွဲတမ်းကို လိဂ်အလိုက် သတ်မှတ်ပေးထားပြီး ဒီအသင်း(၉)သင်းက သက်ဆိုင်ရာလိဂ်အလိုက် ဝင်ခွင့်ရရှိဖို့ သေချာသွားခဲ့ကြတာပါ။လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်မှာ အင်္ဂလန်ကလပ်(၅)သင်း ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး အီတလီ၊ စပိန်နဲ့ ဂျာမနီက (၄)သင်းစီ ယှဉ်ပြိုင်ခွင့်ရမှာပါ။စွမ်းဆောင်ရည်အပေါ်မူတည်တဲ့ အပိုထပ်ဆောင်း တစ်နေရာအတွက်တော့ စပိန်နဲ့ ဂျာမနီတို့ အပြိုင်ဖြစ်နေပါတယ်။
Apr 28 • 2:04 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


