ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံသို့ သွားရင်း ထိုင်းနယ်စပ် လမ်းခုလပ် ကားပေါ်မှာ လူများလို့ အသက်ရှုမဝဖြစ်ပြီး ကွယ်လွန်ခဲ့သူ ချင်းလူငယ်ရဲ့ ရုပ်အလောင်း ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ရောက်ရှိကာ တီးတိန်မြို့နယ်ကသူ့ဇာတိရွာကို ဆက်လက်ပို့ဆောင်သွားကြမှာဖြစ်တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ထိုင်းနိုင်ငံ Hat Yai မြို့ဆေးရုံကနေ ထုတ်ပြီး ကွယ်လွန်သူရဲ့ဇာတိနေရပ် မြန်မာပြည်၊ချင်းပြည်နယ် တွီးဗျာလ်းရွာကို ပို့ဆောင်ဖို့ မြဝတီ - ပဲခူး - မန္တလေး ကနေတဆင့် သယ်ဆောင်ခဲ့တာဖြစ်ပြီး ဒီကနေ့ နေ့လည်ဝန်းကျင်လောက်မှာ ချင်းတောင်ခြေ ကလေးမြို့ကို ရောက်ရှိတာလို့ဆွေမျိုးနီးစပ်သူတွေထံကနေ သိရပါတယ်။ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးဗျာလ်းကျေးရွာနေ အသက် ၂၂ နှစ်အရွယ်ဝန်းကျင်ရှိသူ Tg. Pau Lam Kim ဟာ မလေးရှားနိုင်ငံကို ဧပြီလ ၁၁ ရက်နေ့က ကားနဲ့ တဆင့် သွားရောက်ခဲ့တာဖြစ်ပြီး ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံဆွမ်ခလာမြို့နယ်အရောက်မှာ ကားပေါ်လူများပြီး အသက်ရှုမဝဖြစ်ကာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံ၊ Hat Yai မြို့က မအော်ဆေးရုံမှာ ၁၀ ကျော်အကြာ ထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
Apr 28 • 1:53 AM
Myanmar
Chin
Share
| 14 | 0 | 0 | 0 |


