back

စစ်ကိုင်းတွင် လေပြင်းကြောင့် နေရပ်စွန့်ခွာရသူများ၏ တဲများ ပျက်စီးပြီး အကူအညီလိုအပ် နေ

Apr 28 • 1:52 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတွင် လေပြင်းကြောင့် နေရပ်စွန့်ခွာရသူများ၏ တဲများ ပျက်စီးပြီး အကူအညီလိုအပ် နေ

စစ်ကိုင်းတိုင်းမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် နေရပ်စွန့်ခွာခဲ့ရသူတွေ နေထိုင်တဲ့ တဲအိမ်တွေ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေ...

စစ်ကိုင်းတိုင်းမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် နေရပ်စွန့်ခွာခဲ့ရသူတွေ နေထိုင်တဲ့ တဲအိမ်တွေ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် ညနေက စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တချို့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ခဲ့ပါတယ်။ ချောင်းဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေပါ ကြွေခဲ့တဲ့အတွက် နေရပ်စွန့်ခွာခဲ့ရသူတွေ နေထိုင်တဲ့ ယာယီတဲအိမ်တွေ အများအပြား ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။လက်ရှိမှာတော့ သစ်၊ ဝါးနဲ့ သက်ကယ် စတဲ့ အခြေခံအိမ်ဆောက်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်နေတာကြောင့် တဲအိမ်တလုံး ပြန်ဆောက်ဖို့ ကျပ် ၁၀ သိန်းဝန်းကျင်လောက်အထိ ကုန်ကျနိုင်ပါတယ်။ ဒီကုန်ကျစရိတ်ကို မတတ်နိုင်တာကြောင့် အသစ်ပြန်မဆောက်နိုင်ဘဲ ဒီနှစ်မိုးရာသီအတွက် အဆင်ပြေရုံပဲ ပြုပြင်သွားရမယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

news-view-count-icon

13