back

ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် သေချာသလောက်ရှိလာတဲ့ ယူနိုက်တက်

Apr 28 • 1:51 AM

breaking-news

Myanmar

International

cover

ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် သေချာသလောက်ရှိလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းက ဘရန့်ဖိုဒ်ကို ၂-၁ ဂိုးနဲ့နိုင်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို သေချာသလောက် ရှိလာခဲ့ပါတယ်။ယူနိုက်တက်ရဲ့နှစ်ဂိုးကို ကက်စမီရို၊ ...

မန်ချက်စတာယူနိုက်တက်အသင်းက ဘရန့်ဖိုဒ်ကို ၂-၁ ဂိုးနဲ့နိုင်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို သေချာသလောက် ရှိလာခဲ့ပါတယ်။ယူနိုက်တက်ရဲ့နှစ်ဂိုးကို ကက်စမီရို၊ ရှက်ရှကိုတိုက ပထမပိုင်းမှာ သွင်းယူခဲ့တာဖြစ်တယ်။ကက်စီမီရိုက အိုးလ်ထရက်ဖိုဒ်မှာ သုံးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်လည်း ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး အကြိမ် ၂၀ ကိုလိုက်မီဖို့ တစ်ကြိမ်ပဲ လိုပါတော့တယ်။မန်ယူနိုက်တက်အသင်းဟာ လက်ရှိ ၆၁ မှတ်နဲ့ တတိယနေရာမှာ ရှိနေပြီး အဆင့် ၆ နေရာက ဘရိုက်တန်ကို ၁၁ မှတ်အထိ ဖြတ်ထားလို လက်ကျန်လေးပွဲမှာ နှစ်မှတ်ရတာနဲ့ ဝင်ခွင့်ရတော့မှာပါ။လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် ငါးနေရာ ရရှိထားပါတယ်။

news-view-count-icon

20