တရုတ်နိုင်ငံသည် ကမ္ဘာ့ပညာရေးဈေးကွက်တွင် တိုးတက်မှုဝင်ရိုးသစ်ဖြစ်လာကြောင်း Think Tank အစီရင်ခံစာအရ သိရသည်။ “တရုတ်နိုင်ငံတွင် ပညာသင်ကြားခြင်း - လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အကျိုးပြုခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာန၏ Think Tank အဖွဲ့ဖြစ်သော ဆင်ဟွာအင်စတီကျုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာပညာရေးနယ်ပယ်တွင် အစဉ်အလာဩဇာကြီးမားသောနိုင်ငံများ၏ လွှမ်းမိုးနိုင်စွမ်း စတင်ယိမ်းယိုင်လာပြီး တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန် စသည့် ထွန်းသစ်စ နိုင်ငံရပ်ခြားပညာသင်ကြားရေးနိုင်ငံများ၏ ဆွဲဆောင်မှုမှာ ပိုမိုအားကောင်းလာကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ လက်ရှိတွင် တရုတ်နိုင်ငံက နိုင်ငံနှင့် ဒေသ ၁၈၃ ခုနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှု ထူထောင်ထားကာ ပညာရေးဆိုင်ရာဘွဲ့များ အပြန်အလှန်အသိအမှတ်ပြုရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသည့်အရေအတွက်မှာ ၆၁ ခုအထိ ရောက်ရှိလာခဲ့သလို ပညာရေးပူးတွဲအစီအစဉ်များ အနေဖြင့်လည်း ၄၅ ခုအထိ ရှိလာပြီဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ 
Apr 28 • 1:50 AM
China
Local News
Share
| 13 | 0 | 0 | 0 |


