back

၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့အခမ်းအနားကို မြန်မာအပါအဝင် နိုင်ငံသုံးခုမှာ ကျင်းပ

Apr 28 • 2:02 AM

breaking-news

Myanmar

Local

cover

၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့အခမ်းအနားကို မြန်မာအပါအဝင် နိုင်ငံသုံးခုမှာ ကျင်းပ

ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုးတွေရဲ့ ၁၆ ကြိမ်မြောက် အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်အပါအဝင် ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ မနေ့က တပြိုင်တည်းကျင်းပခဲ့ကြတယ်လို့...

ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုးတွေရဲ့ ၁၆ ကြိမ်မြောက် အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်အပါအဝင် ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ မနေ့က တပြိုင်တည်းကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီအခမ်းအနားသို့ ရန်ကုန်ရောက် ခမီလူမျိုးတွေအပါအဝင် ရခိုင်၊ မြို၊ သက္ကမ၊ ချင်းစတဲ့ လူဦးရေ ၁,ဝဝဝ လောက် တက်ရောက်ခဲ့ကြပါတယ်။အလားတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အုန်းနွဲ့ ဖိကစင်(122)လမ်း လင်မလိုင်းခမ်းမမှာကျင်းပခဲ့တဲ့အဲဒီအခမ်းအနားကိုလည်း လူဦးရေ ၆ဝဝ လောက် တက်ရောက်ခဲ့ကြပါတယ်။မလေးရှားနိုင်ငံ၊ မွှားမြို့နယ်၊ ပါကရီနယ်မြေမှာရှိတဲ့ Wa-23 စက်ရုံသစ်မှာပြုလုပ်တဲ့အခမ်းအနားမှာလည်း လူဦးရေ ၁၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

news-view-count-icon

35