back

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံး အကယ်ဒမီအတွက် အပြီးသတ်လူရွေးချယ်ခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မေလအတွင်းပြုလုပ်မည်

Apr 27 • 4:48 PM

breaking-news

Myanmar

Yangon

cover

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံး အကယ်ဒမီအတွက် အပြီးသတ်လူရွေးချယ်ခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မေလအတွင်းပြုလုပ်မည်

ရန်ကုန်မြို့တွင် မေ ၉ ရက်နေ့လည် ၁ နာရီ၌ စာရွက်စာတမ်းစိစစ်ခြင်းနှင့် ဆေးစစ်မှုများ၊ မေ ၁၀ ရက်နှင့် မေ ၁၁ ရက်နံနက် ၆ နာရီခွဲတို့တွင်လက်တွေ့ရွေးချယ်မှုများ ၊ မန္တလ...

ရန်ကုန်မြို့တွင် မေ ၉ ရက်နေ့လည် ၁ နာရီ၌ စာရွက်စာတမ်းစိစစ်ခြင်းနှင့် ဆေးစစ်မှုများ၊ မေ ၁၀ ရက်နှင့် မေ ၁၁ ရက်နံနက် ၆ နာရီခွဲတို့တွင်လက်တွေ့ရွေးချယ်မှုများ ၊ မန္တလေးမြို့တွင် မေ ၁၇ ရက်နေ့လည် ၁ နာရီ၌ စာရွက်စာတမ်းစစ်ဆေးခြင်းနှင့် ဆေးစစ်မှုများ၊ မေ ၁၈ ရက်နှင့် မေ ၁၉ ရက်နံနက် ၆ နာရီခွဲတို့တွင် လက်တွေ့ရွေးချယ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ကြောင့် အပြီးသတ်ရွေးချယ်ခြင်းခံယူမည့်သူများအနေဖြင့် ရွေးချယ်ပွဲလာရောက်ရာတွင် မွေးစာရင်း(မူရင်း/မိတ္တူ)၊ သန်းခေါင်စာရင်း(မူရင်း/မိတ္တူ)၊ မှတ်ပုံတင်(သို့)ကျောင်းသားကတ်(မိတ္တူ)၊ ကျောင်းထောက်ခံစာ(မူရင်း)တို့ကိုယူဆောင်လာရမည်ဖြစ်ကာ နယ်မှလာရောက်သူများအတွက် တည်းခိုနေထိုင်ရန်စီစဥ်ပေးမည်ဖြစ်ပြီး ရွေးချယ်ခံရသူများ၏ အမည်စာရင်းကို မေ ၂၂ ရက်တွင်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီ၏ ယူ-၁၂ အတွက် ကစားသမား(၁၇)ဦး၊ ယူ-၁၃ အတွက် ကစားသမား(၂၃)ဦး၊ ယူ-၁၄ နှင့် ယူ-၁၅ အတွက် ကစားသမား(၆၃)ဦးကို ပဏာမအဖြစ်ရွေးချယ်ထားကြောင်း သိရသည်။




news-view-count-icon

18