back

မြစ်ကြီးနားမြို့တွင် လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း လက်မှတ်များဝယ်ယူရန် ခက်ခဲနေ

Apr 27 • 4:48 PM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့တွင် လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း လက်မှတ်များဝယ်ယူရန် ခက်ခဲနေ

မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းမှစတင်ကာ လေကြောင်းလိုင်းများမှာလည်း ယခင်ကဲ့သို့ နေ့စဉ်ပြေးဆွဲခြင်းမရှိသည့်အပြင် လေယာဉ်လက်မှတ်ဈေးနှုန်းများမှ...

မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းမှစတင်ကာ လေကြောင်းလိုင်းများမှာလည်း ယခင်ကဲ့သို့ နေ့စဉ်ပြေးဆွဲခြင်းမရှိသည့်အပြင် လေယာဉ်လက်မှတ်ဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်လျက်ရှိကြောင်း၊ လက်မှတ်ဈေးနှုန်းများ မြင့်မားလာသော်လည်း လက်မှတ်များဝယ်ယူရန် ခက်ခဲနေကြောင်း မြစ်ကြီးနားမြို့နေ မြို့မိမြို့ဖတစ်ဦးက ပြောသည်။လက်ရှိ မြစ်ကြီးနားမြို့သို့ အင်္ဂါနှင့် သောကြာနေ့တွင် MAI လေကြောင်းလိုင်း၊ ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့တွင် MNA လေကြောင်းလိုင်း၊ စနေနေ့တွင် Air သံလွင် လေကြောင်းလိုင်းတို့မှ အပတ်စဉ် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။လက်ရှိတွင် မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်ခမှာ ငွေကျပ် ရှစ်သိန်းမှ ဆယ်သိန်းကြား၊ မြစ်ကြီးနား-ရန်ကုန် လေယာဉ်လက်မှတ်ခမှာ ငွေကျပ် တစ်ဆယ့်သုံးသိန်းမှ တစ်ဆယ့်ငါးသိန်းကြားအထိ ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။




news-view-count-icon

17