back

မြစ်ကြီးနားတွင် ယာဉ်မတော်တဆမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

Apr 27 • 4:46 PM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားတွင် ယာဉ်မတော်တဆမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မြစ်ကြီးနားမြို့၊စက်မှုဇုန်ရပ်ကွက်လမ်းမပေါ်တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် ညီအစ်မနှစ်ဦးမှ အကြီးဖြစ်သူသေဆုံးခဲ့ပြီး အငယ်ဖြစ်သူမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုက...

မြစ်ကြီးနားမြို့၊စက်မှုဇုန်ရပ်ကွက်လမ်းမပေါ်တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် ညီအစ်မနှစ်ဦးမှ အကြီးဖြစ်သူသေဆုံးခဲ့ပြီး အငယ်ဖြစ်သူမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက 

 ပြောသည်။မည်သို့ဖြစ်ပွားခဲ့သည်ကို အသေးစိတ်မသိရသော်လည်း ကျောင်းသူနှစ်ဦး ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင်လည်း စီတာပူရပ်ကွက်ရှိ မနောင်ကွင်းရှေ့တွင် ဆိုင်ကယ်နှင့် သုံးဘီးယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။




news-view-count-icon

21