back

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်၊ လေပြင်းအန္တရာယ် သတိပြုရန်လိုအပ်

Apr 27 • 4:45 PM

breaking-news

Myanmar

Local

cover

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်၊ လေပြင်းအန္တရာယ် သတိပြုရန်လိုအပ်

ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက် ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး မိုးတိမ်...

ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက် ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး မိုးတိမ်တောင်များ ရွေ့လျားရာ တစ်လျှောက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများအရ ပြင်ဦးလွင် (ဇီးပင်ကြီး) တွင် ၂ ဒသမ ၇၉ လက်မ၊ ရွှေဘိုမြို့တွင် ၂ ဒသမ ၅၂ လက်မ၊ သပိတ်ကျင်းတွင် ၂ ဒသမ ၃၆ လက်မနှင့် ကျောက်ဆည် (လွန်ကျော်) တွင် ၁ ဒသမ ၉၇ လက်မအထိ မိုးရေချိန်များခဲ့ကြောင်း သိရသည်။ယမန်နေ့က ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံခြင်း၊ ပြင်ဦးလွင်နှင့် တောင်ငူမြို့တို့တွင် လေပြင်းကြောင့် သစ်ပင်များ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။လာမည့် မေလသည် မိုးကြိုကာလဖြစ်သဖြင့် အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီအတွင်း လေထုမငြိမ်သက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် နေရာကွက်ကျား မိုးထစ် ချုန်းရွာခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။




news-view-count-icon

27