back

တာချီလိတ်တွင် ကျားဖြန့်နှင့် အွန်လိုင်းဂိမ်း ၂နေရာ ဖမ်းမိ၊ တရုတ်နိုင်ငံသားများအပါအဝင် ၅၂ ဦးကို ဖမ်းဆီး၊ လက်ခံထားသူများ မပါဝင်

Apr 27 • 5:03 PM

breaking-news

Myanmar

Shan

cover

တာချီလိတ်တွင် ကျားဖြန့်နှင့် အွန်လိုင်းဂိမ်း ၂နေရာ ဖမ်းမိ၊ တရုတ်နိုင်ငံသားများအပါအဝင် ၅၂ ဦးကို ဖမ်းဆီး၊ လက်ခံထားသူများ မပါဝင်

တာချီလိတ်မြို့နယ်အတွင်း ကျားဖြန့်နှင့် အွန်လိုင်းဂိမ်း ၂ နေရာကို ယနေ့ ဧပြီလ ၂၇ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခဲ့ရာ တရုတ်နှင့် မြန်မာနိုင်ငံသား ၅၂ ဦးကို ဖမ်းဆီးရမိခဲ့က...

တာချီလိတ်မြို့နယ်အတွင်း ကျားဖြန့်နှင့် အွန်လိုင်းဂိမ်း ၂ နေရာကို ယနေ့ ဧပြီလ ၂၇ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခဲ့ရာ တရုတ်နှင့် မြန်မာနိုင်ငံသား ၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ယနေ့ နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း) ရပ်၊ လိုမာဟိုတယ်အနီး၌ ပထမအကြိမ် ဝင်ရောက်စစ်ဆေးရာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ All In One ကွန်ပျူတာ ၃ လုံး၊ Laptop ၁၃ လုံး၊ ဖုန်းမျိုးစုံ ၃၂၀ လုံး၊ Tablet ၁၀၈ လုံးနှင့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ယင်းနောက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ယင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံး၌ ကျားဖြန့်နှင့် အွန်လိုင်းဂိမ်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ ထိုင်ဝမ်လူမျိုး အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ဒုတိယအကြိမ် ဝင်ရောက်စီးနင်းမှုတွင် All In One ကွန်ပျူတာ ၂၃ လုံး၊ မော်နီတာ ၁ လုံး၊ System ပုံး ၁ လုံး၊ ဖုန်းမျိုးစုံ ၅၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ တာချီလိတ်မြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းများကို ပြည်သူ့စစ်များက လက်ခံနေရာပေးထားသည်ဖြစ်ရာ ယခင်ဖြစ်စဉ်များတွင် နောက်ကွယ်မှ လက်ခံနေရာပေးသူများကို ဖော်ထုတ်အရေးယူခြင်း မရှိသလို ယခုတစ်ကြိမ်တွင်လည်း လက်ခံနေရာပေးထားသူများ မပါဝင်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။


news-view-count-icon

23