back

မဲခေါင်မြစ်ကမ်းဘေးတွင် စွန့်ပစ်ထားသည့် အဆင့်မြင့် အိုက်စ် ၅၀၀ ကီလိုဂရမ် သိမ်းဆည်းမိ

Apr 27 • 1:44 PM

breaking-news

Thailand

Local News

cover

မဲခေါင်မြစ်ကမ်းဘေးတွင် စွန့်ပစ်ထားသည့် အဆင့်မြင့် အိုက်စ် ၅၀၀ ကီလိုဂရမ် သိမ်းဆည်းမိ

မဲခေါင်မြစ်ကမ်းဘေးတွင် စွန့်ပစ်ထားခဲ့သည့် Golden Flying Horse တံဆိပ်ပါ အဆင့်မြင့် အိုက်စ် ၅၀၀ ကီလိုဂရမ်ကို ထိုင်းအာဏာပိုင်များ သိမ်းဆည်းမိခဲ့ကြောင်း သတင်းထုတ်ပြ...

မဲခေါင်မြစ်ကမ်းဘေးတွင် စွန့်ပစ်ထားခဲ့သည့် Golden Flying Horse တံဆိပ်ပါ အဆင့်မြင့် အိုက်စ် ၅၀၀ ကီလိုဂရမ်ကို ထိုင်းအာဏာပိုင်များ သိမ်းဆည်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ထာဦထန်ခရိုင်၊ မဲခေါင်မြစ်ကမ်းဘေးတွင် သောကြာနေ့ည၌ ပုံမှန်ကင်းလှည့်နေစဉ်အတွင်း တရုတ်လက်ဖက်ခြောက်ထုပ်ပုံစံ ဖြင့် ထုပ်ပိုးထားသော တစ်ထုပ်လျှင် ၁ ကီလိုဂရမ်ရှိသော စုစုပေါင်း အထုပ် ၅၀၀(အလေးချိန် ၅၀၀ ကီလိုဂရမ်)ပါသည့် မူးယစ်ဆေး ၁၂ အိပ် ကိုတွေ့ရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ ယင်းမူးယစ်ဆေးဝါးများကို လာအိုနိုင်ငံဘက်မှ စက်လှေဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုင်းဘက်အခြမ်းတွင် ခေတ္တဝှက်ထားစဉ် ကင်းလှည့်အဖွဲ့နှင့် တိုးသဖြင့် မှောင်ခိုသမားများမှာ မြစ်တစ်ဖက်ကမ်းသို့ ပြန်လည် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ယင်း Golden Flying Horse တံဆိပ်ပါ မူးယစ်ဆေးဝါးများသည် ရွှေတြိဂံဒေသမှ လာအိုနိုင်ငံကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း ဖြန့်ဖြူးရန်နှင့် ထိုမှတစ်ဆင့် တတိယနိုင်ငံများသို့ ဆက်လက် မှောင်ခိုပို့ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။ယင်းဆေးဝါးများ၏ ကာလပေါက်ဈေးမှာ ပို့ဆောင်မည့် နေရာဒေသပေါ် မူတည်၍ တစ်ကီလိုဂရမ်လျှင် ဘတ် ၃ သိန်းမှ ၅ သိန်းကြား ရှိနိုင်ကြောင်း အာဏာပိုင်များက ခန့်မှန်းထားသည်။ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၆ လတာကာလအတွင်း နခွန်ဖနွန် ခရိုင်၌ စိတ်ကြွဆေးပြား ပေါင်း သန်း ၃၀ နီးပါး နှင့် အိုက်စ် ၃ တန်ထက်မနည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။





news-view-count-icon

15