back

ထိုင်းရောက်မြန်မာလုပ်သားများ CI စာအုပ် ပြုလုပ်နိုင်ရန် ဩဂုတ်လ အထိ အချိန်ထပ်တိုးပေး

Apr 27 • 1:45 PM

breaking-news

Thailand

Local News

cover

ထိုင်းရောက်မြန်မာလုပ်သားများ CI စာအုပ် ပြုလုပ်နိုင်ရန် ဩဂုတ်လ အထိ အချိန်ထပ်တိုးပေး

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ပြုလုပ်နိုင်မယ့် ရက်ကို လာမယ့်ဩဂုတ်လ ၁၇အထိ ရက်ထပ်တိုးပေးတယ်လို့ ထိုင်းအလုပ်သမားဝန်...

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ပြုလုပ်နိုင်မယ့် ရက်ကို လာမယ့်ဩဂုတ်လ ၁၇အထိ ရက်ထပ်တိုးပေးတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီး သက်တမ်းတိုးရန်လိုအပ်တဲ့ မြန်မာလုပ်သားတွေ အတွက် CI (Certificate of Identity) စာအုပ် ပြုလုပ်ရန် အချိန်ကို ယခင်က ၂၀၂၆ခုနှစ် မေလ ၁၇ ရက်မှာ ရပ်ဆိုင်းဖို့ စီစဉ်ထားပေမယ့် မြန်မာလုပ်သားတွေ အချိန်မီ ဆောင်ရွက်နိုင်ဖို့ ဩဂုတ်လ ၁၇ရက်အထိ ရက်ထပ်တိုးပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ CI စခန်း တွေကို စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်ပြည်နယ် တို့မှာ သက်သေခံလက်မှတ်ဌာန (CI) လေးခု ဖွင့်လှစ်ထားပြီး ချွှန်ဘူရီပြည်နယ်မှာ တော့ မိုဘိုင်းဝန်ဆောင်မှု ယူနစ်တစ်ခုကို ၂၀၂၆ခုနှစ် ဖေဖေါ်ဝါရီ ၁၉ရက်က စတင် ဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ CI စာအုပ် ပြုလုပ်ချင်တဲ့ သူတွေ အနေနဲ့ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ၂,၆၇၀ ဘတ် ကို အရင်ပေးသွင်းပြီး မိမိ လုပ်ဆောင်မယ့် CI စခန်း နဲ့ ရက်စွဲကို တစ်ခါတည်း ရွေးချယ်နိုင်ပြီး  သတ်မှတ်ရက်မှာ စခန်းကို သွားရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။CI စာအုပ် ဆိုတာဟာ နိုင်ငံကူးလက်မှတ်မရှိတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အတွက် ခရီးသွားလာ နိုင်တဲ့ လက်မှတ်အဖြစ် ထုတ်ပေးတာ ဖြစ် ပြီး CIစာအုပ်ရှိမှသာ အလုပ်လုပ်ခွင့်ဗီဇာ (Non LA)ကိုထည့်သွင်း၍ ထိုင်းနိုင်ငံအတွင်းတရားဝင် ခရီးသွားလာခွင့်ရရှိမှာဖြစ်ကာ စာအုပ်သက်တမ်းဟာ ၄နှစ် ရှိတယ်လို့သိရပါတယ်။ 





news-view-count-icon

32