back

အသင်းသတင်းများ ပေါက်ကြားမှုကို ရပ်တန့်နိုင်ဖို့ လိုနေပြီလို့ ချယ်လ်ဆီးယာယီနည်းပြ ပြောကြား

Apr 27 • 2:37 AM

breaking-news

Myanmar

International

cover

အသင်းသတင်းများ ပေါက်ကြားမှုကို ရပ်တန့်နိုင်ဖို့ လိုနေပြီလို့ ချယ်လ်ဆီးယာယီနည်းပြ ပြောကြား

ချယ်လ်ဆီးအသင်းနည်းပြ မက်ဖာလိန်းက အသင်းသတင်းများ ပေါက်ကြားမှုကို ရပ်တန့်နိုင်ဖို့ လိုနေပြီလို့ ပြောကြားခဲ့ပါတယ်။၎င်းက ယနေ့ကစားမယ့် လိဒ်စ်အသင်းနဲ့ FAဖလား ဆီမီးဖို...

ချယ်လ်ဆီးအသင်းနည်းပြ မက်ဖာလိန်းက အသင်းသတင်းများ ပေါက်ကြားမှုကို ရပ်တန့်နိုင်ဖို့ လိုနေပြီလို့ ပြောကြားခဲ့ပါတယ်။၎င်းက ယနေ့ကစားမယ့် လိဒ်စ်အသင်းနဲ့ FAဖလား ဆီမီးဖိုင်နယ်မတိုင်ခင် ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းထားတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။မက်ဖာလိန်း(၃၈ နှစ်)ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က နည်းပြ ရိုဆီနီယာကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ရာသီကုန်အထိ ချယ်လ်ဆီးနည်းပြအဖြစ် တာဝန်ပေးခံခဲ့ရတာပါ။ချယ်လ်ဆီကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို မေးခွန်းထုတ်မှုများ ရှိလာပြီးနောက် မက်ဖာလိန်းက အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။

news-view-count-icon

26