ထိုင်းနိုင်ငံက 7-Eleven ဆိုင်ထဲမှာ နိုင်ငံခြား Blogger တစ်ဦး သူမကိုယ်ပေါ်ကို နို့တွေ၊ မုန့်တွေ လောင်းချခဲ့တဲ့ ဗီဒီယိုတစ်ခုကြောင့် အခုရက်ပိုင်း ထိုင်းဆိုရှယ်မီဒီယာလောကမှာ ဝေဖန်မှုတွေရှိနေပါတယ်။ဒီဗီဒီယိုထဲမှာ အဲဒီအမျိုးသမီးက ဆိုင်ထဲမှာတင် မုန့်တွေကို ခေါင်းပေါ်ကနေ သွန်ချတာ၊ နွားနို့တွေနဲ့ လောင်းချတာမျိုးတွေ လုပ်ပြခဲ့တာပါ။ "ငါတို့နိုင်ငံမှာလည်း 7-Eleven လိုမျိုး စားစရာစုံတဲ့ဆိုင်တွေ ရှိစေချင်လိုက်တာ" ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ဗီဒီယိုရိုက်ပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ဒီဗီဒီယို နာမည်ကြီးသွားတဲ့အခါမှာတော့ ထိုင်းအွန်လိုင်းအသုံးပြုသူတွေက တော်တော်လေး ဒေါသထွက်နေကြပါတယ်။ အများပြည်သူ ဈေးဝယ်တဲ့နေရာမျိုးမှာ ဒီလိုလုပ်ရပ်မျိုးက တော်တော်လေးကို ရိုင်းစိုင်းပြီး စည်းကမ်းမရှိတဲ့ အပြုအမူဖြစ်တယ်လို့ ဝေဖန်နေကြတာပါ။တချို့ကလည်း "သူ့နိုင်ငံမှာဆိုရင်ရော အခုလိုမျိုး ဆိုင်ထဲမှာ လျှောက်လုပ်လို့ ရပါ့မလား" ဆိုပြီး ယဉ်ကျေးမှုကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို မေးခွန်းထုတ်နေကြပါတယ်။



