back

ပြည်တွင်း၌ မြို့နယ်အချို့ မီးပျက်ချိန်နှင့် ပြန်လာချိန် တိတိကျကျမရှိသဖြင့် အခက်အခဲများရှိသည့်အတွက် ဝေဖန်မှုများရှိနေ

Apr 27 • 2:27 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ မြို့နယ်အချို့ မီးပျက်ချိန်နှင့် ပြန်လာချိန် တိတိကျကျမရှိသဖြင့် အခက်အခဲများရှိသည့်အတွက် ဝေဖန်မှုများရှိနေ

လျှပ်စစ်ဓာတ်အား ပိုမိုရရှိမည်ဟုဆိုသော်လည်း လက်တွေ့တွင် မြို့နယ်အများစု လျှပ်စစ်မီးပိုမရသေးဟု ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့များတွင် နေထိုင်သူအချို့က ပြောကြားသ...

လျှပ်စစ်ဓာတ်အား ပိုမိုရရှိမည်ဟုဆိုသော်လည်း လက်တွေ့တွင် မြို့နယ်အများစု လျှပ်စစ်မီးပိုမရသေးဟု ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့များတွင် နေထိုင်သူအချို့က ပြောကြားသည်။ထို့ပြင် လျှပ်စစ်မီး ရရှိချိန်တွင်လည်း မီးအားမမှန်ခြင်းများကို ကြုံတွေ့နေရသည်ဟု တောင်ဒဂုံမြို့နယ် တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။အလားတူ မန္တလေးမြို့တွင်လည်း လျှပ်စစ်မီးရရှိမှုမှာ ယခင်ကထက် နည်းပါးလာသည်ဟု ဒေသခံအချို့က ပြောကြားသည်။ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေတွင်လည်း ယခင်ကထက်လျှပ်စစ်မီး ပိုမိုပြတ်တောက်မှုများရှိနေပြီး အချို့ရက်များတွင် သတ်မှတ်အလှည့်ကျ မီးလာရမည့်အချိန်တွင်လည်း ပြတ်တောက်မှုများရှိနေသည်ဟု ဒေသခံအချို့က ပြောကြားသည်။

news-view-count-icon

30