back

မွန်ပြည်နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ) နေရာတွင် ဆရာအတတ်ပညာတက္ကသိုလ်(သထုံ) ဆောင်ရွက်ရန်လုပ်ဆောင်နေ

Apr 27 • 2:26 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ) နေရာတွင် ဆရာအတတ်ပညာတက္ကသိုလ်(သထုံ) ဆောင်ရွက်ရန်လုပ်ဆောင်နေ

မွန်ပြည်နယ်ရှိကွန်ပျူတာတက္ကသိုလ်(သထုံ) နေရာတွင် ဆရာအတတ်ပညာတက္ကသိုလ်(သထုံ) ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အဆောက်အအုံများ တည်ဆောက်ရေး မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖ...

မွန်ပြည်နယ်ရှိကွန်ပျူတာတက္ကသိုလ်(သထုံ) နေရာတွင် ဆရာအတတ်ပညာတက္ကသိုလ်(သထုံ) ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အဆောက်အအုံများ တည်ဆောက်ရေး မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြောကြားခဲ့သည်။ယမန်နေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက သထုံမြို့၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)သို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်စဉ်ပြောကြားခဲ့သည်။အဆောက်အုံ တည်ဆောက်ရေးနှင့် ပက်သက်ပြီး ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရေး  ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖြည်းဆည်းဆောင်ရွက်ပေးသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြောသည်။

news-view-count-icon

23