back

ထိုင်းနိုင်ငံ၊ဘန်ကောက်က KFC ဆိုင်ထဲကို ကားဝင်တိုက်လို့ လူ ၁၂ ယောက်ဒဏ်ရာရ

Apr 27 • 1:47 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်က KFC ဆိုင်ထဲကို ကားဝင်တိုက်လို့ လူ ၁၂ ယောက်ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ဆူခွန်ဗစ် ၆၂ လမ်းထဲမှာရှိတဲ့ Bangchak စက်သုံးဆီဆိုင်အတွင်းက KFC ဆိုင်ထဲကို ယမန်နေ့ ညနေပိုင်းက BMW ကားတစ်စီး မှန်တံခါးတွေကို တိုက်မိပြီး ထိုးဖောက်...

ထိုင်းနိုင်ငံ၊ဆူခွန်ဗစ် ၆၂ လမ်းထဲမှာရှိတဲ့ Bangchak စက်သုံးဆီဆိုင်အတွင်းက KFC ဆိုင်ထဲကို ယမန်နေ့ ညနေပိုင်းက BMW ကားတစ်စီး မှန်တံခါးတွေကို တိုက်မိပြီး ထိုးဖောက်ဝင်ရောက်ခဲ့တာကြောင့် လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာ ကားဟာ ဆိုင်အတွင်းက ကောင်တာအနီးအထိ ရောက်ရှိနေပြီး ဆိုင်ရဲ့ ပျက်စီးဆုံးရှုံးမှုဟာ ၇၀ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ သိရပါတယ်။ဒဏ်ရာရရှိသူတွေထဲမှာ စားသုံးသူ ၅ ဦး၊ ဝန်ထမ်း ၄ ဦးနဲ့ ပို့ဆောင်ရေးသမား ၂ ဦး ပါဝင်ပြီး အားလုံးကို အနီးနားက ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် တရုတ်နိုင်ငံသား ကားမောင်းသူဟာ ဆီဖြည့်ဖို့အတွက် တန်းစီနေတုန်း တခြားကားတွေကို ကျော်တက်ဖို့ ကြိုးစားရာကနေ ထိန်းချုပ်မှုလွဲချော်ပြီး ဆိုင်ထဲကို အရှိန်နဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။လက်ရှိမှာတော့ ရဲတပ်ဖွဲ့က စီစီတီဗွီမှတ်တမ်းတွေကို စစ်ဆေးနေပြီး ကားမောင်းသူကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ KFC ဆိုင်ကိုတော့ ယာယီပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

news-view-count-icon

24