menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုများဖြစ်ပေါ်

Apr 27 • 1:46 AM

breaking-news

Myanmar

Local

Share

share-news
cover

ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုများဖြစ်ပေါ်

ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် ယမန်နေ့ ဧပြီ ၂၆ ရက်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည...

cover-photo

ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် ယမန်နေ့ ဧပြီ ၂၆ ရက်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ပဲခူးတိုင်း၊ တောင်ငူမြို့တွင် နေ့လည် ၃ နာရီခွဲကျော်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁)ရပ်ကွက်၊ သိမ်တော်ဦးဘုရားလမ်းရှိ နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့သဖြင့် တောင်ငူမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်လည်း နေ့လည် ၃ နာရီခွဲကျော်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် ၂၅၉/၃ အနီးရှိ ကုန်စုံဆိုင်ပေါ်သို့သစ်ပင်လဲကျခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ထို့ပြင် မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်ခန့်ကလည်း မန္တ လေးတိုင်း၊ ပျော်ဘွယ်မြို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် မြင်းဘက်ရပ်ကွက်၊ ရန်ကုန်-မန္တ လေးကားလမ်းဟောင်းဘေးတွင်သစ်ပင်လဲကျကာလမ်းပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

31

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

စင်ကာပူအမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်ထားပေးမည်ဆိုကာ လိမ်လည်ခံရသဖြင့် မလေးရှားစားဖိုမှူးတစ်ဦး ရင်းဂစ် ၂၁,၀၀၀ ဆုံးရှုံး

ထိုင်းနိုင်ငံ၊ဘန်ကောက်က KFC ဆိုင်ထဲကို ကားဝင်တိုက်လို့ လူ ၁၂ ယောက်ဒဏ်ရာရ

cover-photo
right-arrow-icon