back

တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် လုံခြုံမှုအရှိဆုံး နေရာတစ်ခုဖြစ်ဟု အီဂျစ်ကမ္ဘာလှည့်ခရီးသည် ပြော

Apr 27 • 1:42 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် လုံခြုံမှုအရှိဆုံး နေရာတစ်ခုဖြစ်ဟု အီဂျစ်ကမ္ဘာလှည့်ခရီးသည် ပြော

အီဂျစ်နိုင်ငံသား စွန့်စားသွားလာသူနှင့် ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သူ အာမက် ဟက်ဂါဂိုဗစ်သည် နိုင်ငံပေါင်း ၁၉၁ နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူဖြစ်ကာ ၎င်းအတွက် ထူးထ...

အီဂျစ်နိုင်ငံသား စွန့်စားသွားလာသူနှင့် ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သူ အာမက် ဟက်ဂါဂိုဗစ်သည် နိုင်ငံပေါင်း ၁၉၁ နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူဖြစ်ကာ ၎င်းအတွက် ထူးထူးခြားခြား အမှတ်ရစရာကောင်းသည့် နိုင်ငံတစ်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။"အဲဒီက ရထားဘူတာမှာ လူ‌ပေါင်းသန်းဝက်လောက်ရှိပေမဲ့ ကျွန်တော့်အိတ်ကို ဒီအတိုင်းထားခဲ့လို့ရတယ်။ အဲဒီလိုထားခဲ့ရင် တစ်ယောက်ယောက်က ယူသွားလိမ့်မယ်လို့ မထင်ပါဘူး" ဟု ၎င်းက ပြောသည်။ "တရုတ်နိုင်ငံဟာ ကလေးငယ်တွေ၊ မိသားစုတွေနဲ့ အမျိုးသမီးတွေအဖို့ ညဘက်မှာသွားလာဖို့ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုပါပဲ" ဟု ၎င်းက ဆက်လက်ပြောသည်။"ခရီးသွားဘုရင်" ဟု လူသိများသည့် အသက် ၄၁ နှစ်အရွယ် ဟက်ဂါဂိုဗစ်မှာ ၂၀၀၇ ခုနှစ်တွင် ကမ္ဘာအနှံ့ ခရီးသွားလာမှုများကို စတင်ခဲ့ခြင်းဖြစ်သည်။ Facebook တွင် ပရိသတ် ၅.၂၅ သန်းရှိကာ Instagram တွင် ဖော်လိုဝါ ၁.၃၂ သန်းရှိရာ ကမ္ဘာကြီးအား မျှမျှတတနှင့် တိတိကျကျ ပုံဖော်ပေးရာတွင် များစွာအရေးပါလျက်ရှိသည်။"ကျွန်တော် ခရီးသွားတစ်ယောက်အနေနဲ့ တရုတ်နိုင်ငံအကြောင်း လူတွေပိုပြီးသိလာအောင် ကမ္ဘာကြီးကို ဆက်ပြီးပြောပြချင်ပါတယ်" ဟုလည်း ၎င်းက ပြောသည်။

news-view-count-icon

10