တရုတ်နိုင်ငံက အထပ်ထပ်အခါခါ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် ရုရှားနိုင်ငံအပေါ် ယင်း၏ ၂၀ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှု အစီအစဉ်၌ တရုတ်ကုမ္ပဏီများကို ထည့်သွင်းခဲ့သည့် လုပ်ရပ်အား တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိသလို ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၆ ရက်၌ ပြောကြားခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ တစ်ဖက်သတ်ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း အကြိမ်ကြိမ် ထပ်လောင်းပြောဆိုခဲ့သလို တရုတ်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီသော တရားစီရင်ပိုင်ခွင့်ဆိုသည်ကိုလည်း အခိုင်အမာပယ်ချသည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 
တရုတ်ကုမ္ပဏီများအား ပစ်မှတ်ထားသော အီးယူ၏ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်
Apr 27 • 1:43 AM
China
Local News
Share
| 15 | 0 | 0 | 0 |


