back

ကချင်ပြည်နယ်၊မိုးကောင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁၀၀)ကျော်ပျက်စီးခဲ့ရ

Apr 27 • 1:41 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊မိုးကောင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁၀၀)ကျော်ပျက်စီးခဲ့ရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းမှာ ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်ကာ မိုးသီးတွေကြွေကျမှုဖြစ်ပွားတဲ့အတွက် အိမ်ခြေ(၁၀၀)ကျော်ပျ...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းမှာ ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်ကာ မိုးသီးတွေကြွေကျမှုဖြစ်ပွားတဲ့အတွက် အိမ်ခြေ(၁၀၀)ကျော်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့် လျှပ်စစ်ဓာတ်မီးတိုင်တွေကျိုးကျတာ၊ လျှပ်စစ်မီးကြိုးတွေပြတ် ကျတာ၊ ပြည်ထောင်စုလမ်းမကြီးနဲ့ အများပြည်သူသုံးလမ်းတွေမှာ သစ်ပင်တွေလဲကျပိတ်ဆို့တာတွေ ဖြစ်ပေါ် ခဲ့တယ်လို့လည်း သိရပါတယ်။ထို့အပြင်အများပြည်သူသုံးလမ်းပေါ်မှာ လဲကျနေတဲ့သစ်ပင်ကြီးတွေကို မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်တွေ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက အချိန်နဲ့တပြေးညီ ခုတ်ထွင်ရှင်းလင်းပြီး လမ်းပိတ်ဆိုမှုမရှိစေဖို့ ပြင်ဆင်ဆောင်ရွက်ပေးခဲ့တယ်လို့လည်းသိရပါတယ်။

news-view-count-icon

36