back

ပြည်တွင်း၌တောင်သူများကို စိုက်ပျိုးသီးနှံအလိုက် ချေးငွေများ တိုးမြှင့်ချေးပေးမည်

Apr 27 • 1:40 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌တောင်သူများကို စိုက်ပျိုးသီးနှံအလိုက် ချေးငွေများ တိုးမြှင့်ချေးပေးမည်

မြန်မာ့ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူများကို စိုက်ပျိုးသီးနှံအလိုက် ချေးငွေများတိုးမြှင့်ချေးပေး မည်ဖြစ်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။စိုက်ပျ...

မြန်မာ့ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူများကို စိုက်ပျိုးသီးနှံအလိုက် ချေးငွေများတိုးမြှင့်ချေးပေး မည်ဖြစ်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။စိုက်ပျိုးသီးနှံအလိုက် ချေးငွေရရှိနိုင်မှုအနေဖြင့် စပါး၊ ဂျုံ နှင့် ချည်မျှင်ရှည်ဝါ(မျိုးစေ့ထုတ်) စိုက်ပျိုးသူများကို တစ်ဧကလျှင် ယခင် ကျပ် ၁၅၀,၀၀၀ မှ ၃၀၀,၀၀၀ သို့လည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးစိုက်ပျိုးသည့် တောင်သူ များအနေဖြင့် ယခုကျပ် ၁၀၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ သို့လည်းကောင်း၊ ပန်းနှမ်း၊ ဆီထွက်သီးနှံ၊ ဂုန်လျှော် စိုက်တောင်သူများကို ယခုကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ သို့လည်းကောင်း တိုးမြှင့်ချေးပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

31