back

ရှမ်းပြည်နယ်၊တာချီလိတ်၌ ယနေ့ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းဖြတ်တောက်မည်

Apr 27 • 1:18 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်းပြည်နယ်၊တာချီလိတ်၌ ယနေ့ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းဖြတ်တောက်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပျောက်ဆုံးယူနစ်လျှော့ကျရေးတို့အတွက် မီးလင်းရေးဦးဆောင်ကော်မတီ၏ ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပျောက်ဆုံးယူနစ်လျှော့ကျရေးတို့အတွက် မီးလင်းရေးဦးဆောင်ကော်မတီ၏ ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်း ယခင်သွယ်တန်း အသုံးပြုထားသော ဓာတ်အားလိုင်းကြိုးများအား အဆင့်မြှင့်တင်အစားထိုးလဲလှယ်ခြင်းနှင့် လိုအပ်သောကြားတိုင် ထပ်တိုးစိုက်ထူခြင်းလုပ်ငန်းများအား ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် အချိန်ပိုင်းဖြတ်တောက် မည်ဖြစ်ကြောင်း သိရသည်။ထိုသို့ဆောင်ရွက်ရာတွင် ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်း၊ ငွေတောင်ဦးကျောင်းရှေ့မှ စဝ်စံထွန်းလမ်း တစ်လျှောက်သွယ်တန်းထားသော 22 KV ဓာတ်အားလိုင်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပျောက်ဆုံး ယူနစ်လျှော့ချနိုင်ရေးတို့အတွက် ယခင်သွယ်တန်း အသုံးပြုထားသော ACSR-50 sqmm လိုင်းကြိုးများအား SAC-185 sqmm လိုင်းကြိုးများဖြင့် အဆင့်မြှင့်တင်အစားထိုးလဲလှယ်ရန်၊ လိုအပ်သောကြားတိုင်ထပ်တိုး စိုက်ထူခြင်း လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

news-view-count-icon

36