back

အင်းလေးကန်တွင် ရေခန်းခြောက်ခြင်းကြောင့် သွားလာရေး ခက်ခဲကာ

Apr 26 • 4:23 PM

breaking-news

Myanmar

Shan

cover

အင်းလေးကန်တွင် ရေခန်းခြောက်ခြင်းကြောင့် သွားလာရေး ခက်ခဲကာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ရေခန်းခြောက်ခြင်းကြောင့် သွားလာရေး ခက်ခဲကာ ၊ ဒေသခံများ အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း သိရသည်။အင်း...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ရေခန်းခြောက်ခြင်းကြောင့် သွားလာရေး ခက်ခဲကာ ၊ ဒေသခံများ အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း သိရသည်။အင်းလေးကန် ရှိ ဖောင်တော်ဦးဘုရား အနီး၊ ဟဲယာရွာမ ကျေးရွာ နှင့် အင်းတိန် ကျေးရွာ တို့ဘက်တွင် ရေခန်းခြောက်ခြင်းကြောင့် ချောင်းရေ ခန်းပြီး မြေသား ပေါ်ကာ လှေများ သွားလာမရတော့ကြောင်း သိရသည်။၂၀၂၅ ခုနှစ် အတွင်း ငလျင်ဘေးဒဏ်ကြုံရပြီးနောက်ပိုင်း အင်းလေးကန်တွင် နုန်းပို့ချမှု များလာသဖြင့် ရေခန်းခြောက်မှု ပိုဆိုးလာသည့် အပြင် ၊ မိုးရွာချိန် ရေကြီးရေလျှံမှုများလည်း ကြုံတွေ့လာရကြောင်း သိရသည်။ယခုလို နွေရာသီရောက်ချိန်တိုင်း ရေခန်းခြောက်လေ့ ရှိပြီး၊ အင်းလေးကန် ရှိ ရေခန်းခြောက်မှု ပြဿနာ ကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်မှု မရှိလျှင် နှစ်ပေါင်း ၃၀ အတွင်း အင်းလေးကန် တွင် အဆိုးဆုံး အခြေအနေ ဖြင့် အခက်ကြုံတွေ့လာနိုင်ကြောင်း ကိုလည်း ဒေသခံများက ထောက်ပြထားသည်။



news-view-count-icon

27