ဘရိတ်ကာချို့ယွင်းနေသဖြင့် ဓါတ်အားဖြန့်ဖြူးချိန်တွင် ၅ မီနစ်ခန့်သာဓါတ်အားရရှိပြီးပြန်လည်ပြတ်သွားသည်ဟု ရေဦးကျောင်းလမ်းနေသူများကဆိုသည်။ ဘရိတ်ကာချို့ယွင်းနေသည်မှာ ၇ ရက်ခန့်ရှိပြီးဖြစ်သော်လည်း လျှပ်စစ်ဝန်ထမ်းများလာရောက်ပြုပြင်ပေးခြင်းမရှိဟု ဒေသခံများကပြောကြားသည်။ လျှပ်စစ်ရုံးကိုအကြောင်းကြားထားတယ် လာမပြင်သေးဘူး မီးပျက်နေတာ တစ်ပတ်ခန့်ရှိပြီး ရေဦးကျောင်းလမ်းနေသူတစ်ဦးကပြောသည်။ ယင်းရပ်ကွက်တွင်ဘုန်းတော်ကြီးကျောင်းများရှိပြီးယခုကဲ့သို့ ဓါတ်အားပြတ်တောက်နေသဖြင့် သံဃာတော်များအခက်တွေ့နေကြရသည်။



