ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် ည ၁၀နာရီခွဲခန့်က မိတ္ထီလာမြို့၊ မြို့ရှောင်လမ်းဆုံမှာ အိမ်စီးကားနဲ့စောင့်နေတဲ့ လူတစ်စုက ဖြတ်သန်းလာတဲ့ ယာဥ်တစ်စီးကို တားပြီး ယာဉ်မောင်းတစ်ဦးနဲ့ စပါယ်ယာတစ်ဦးထံကနေ ကျပ် ၁၀သိန်း တောင်းယူသွားကြောင်း ငွေတောင်းခံလိုက်ရတဲ့ နီးစပ်သူတွေက ပြောပါတယ်။ ငွေ၁၀သိန်းပေးခဲ့ရပါတယ်"လို့ ငွေတောင်းခံရသူတွေနဲ့ နီးစပ်သူက လူမှုကွန်ရက်မှာ ရေးသားပါတယ်။ ဧပြီလဆန်းတုန်းကလည်း အဆိုပါနေရာမှာပဲ တောင်ကြီးမြို့ကနေဆင်းလာတဲ့ ကားတစ်စီးကို လူတစ်စုက တားဆီးစစ်ဆေးခဲ့ပြီးနောက် ကားဆရာထံကနေ ငွေကျပ်သိန်း ၃၀ တောင်းယူသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။



