မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား ကို လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း ထိုင်းသတင်းဖော်ပြချက်အရ သိရသည်။မြန်မာနိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာစေရန်အတွက် တံတားကို ပြန်လည်ဖွင်လှစ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများကို ပြန်လည်ဦးမော့လာစေရန်နှင့် ဒေသတွင်း စီးပွားရေးကို လှုံ့ဆော်ရန် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းတွင် ကုန်တင်ကားများ စတင်လှုပ်ရှားနေပြီး တံတားပြန်ဖွင့်ရန် အသင့်ပြင်ဆင်နေကြောင်း သိရသည်။



