ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဝါးနက်ကွင်းကျေးရွာအနီးမှာ ဧပြီလ (၂၆ ) ရက် ညနေ (၀၅:၁၅) မိနစ်ခန့် မြက်ခြောက်မီးမှ စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယခု ညပိုင်း (၀၆:၅၀)အချိန်ထိ ကြိုးပမ်းငြှိမ်းသတ်နေရဆဲဖြစ်ပြီး မီးမငြိမ်းသေးသည့်အတွက် ဒေသခံများမှာ အလွန်ပင်ပန်းနွမ်းနယ်လျက်ရှိကြောင်း သိရသည်။အပူရှိန်ပြင်းထန်မှုနှင့် လေတိုက်နှုန်းတို့ကြောင့် မီးထိန်းချုပ်ရန် ခက်ခဲနေသဖြင့် မီးဘေးအန္တရာယ် ပိုမိုမပြန့်ပွားစေရန် အစွမ်းကုန် ဆက်လက်ကြိုးပမ်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။



