back

ပန်းတနော်ပြည်သူ့ဆေးရုံတွင် ဝန်ထမ်းအချို့၏ ဆက်ဆံရေးညံ့ဖျင်းမှုနှင့် ငွေကြေးကောက်ခံမှုများအပေါ် ပြည်သူများမကြေနပ်

Apr 26 • 1:11 PM

breaking-news

Myanmar

Ayeyarwady

cover

ပန်းတနော်ပြည်သူ့ဆေးရုံတွင် ဝန်ထမ်းအချို့၏ ဆက်ဆံရေးညံ့ဖျင်းမှုနှင့် ငွေကြေးကောက်ခံမှုများအပေါ် ပြည်သူများမကြေနပ်

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်ယပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းအချို့၏ လူနာများအပေါ် မချေမငံ ပြောဆိုဆက်ဆံမှုများ၊ ကျင့်ဝတ်ပ...

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်ယပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းအချို့၏ လူနာများအပေါ် မချေမငံ ပြောဆိုဆက်ဆံမှုများ၊ ကျင့်ဝတ်ပျက်ယွင်းမှုများနှင့် အခမဲ့ရရှိရမည့် ဆေးဝါးများအတွက် ငွေကြေးကောက်ခံနေမှုများအပေါ် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုလျက်ရှိသည်။အစိုးရမှ အခမဲ့ဖြန့်ဝေပေးထားသော ငှက်ဖျားရောဂါကာကွယ်ကုသရေးဆေးဝါးများကို လာရောက်ထုတ်ယူသည့် လူနာများထံမှ "ဆေးသယ်ယူစရိတ်" ခေါင်းစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ် ၅,၀၀၀ စီ ကောက်ခံနေကြောင်း သိရသည်။ ထိုသို့ပေးဆောင်ရန် ငွေကြေးအခက်အခဲရှိသည့် လူနာများကိုလည်း တာဝန်ကျဆရာမအချို့က လူရှေ့သူရှေ့တွင် လှောင်ပြောင်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်ပြည်သူထံမှ သိရသည်။ခွဲစိတ်ခန်းအတွင်း၌ ခွဲစိတ်မီးဖွားသည့် လူနာတစ်ဦးအား တာဝန်ကျဆရာမတစ်ဦးဖြစ်သူ မကြီးဆန်း ဆိုသူက ခြေထောက်ဖြင့် ကန်ခြင်း၊ မချေမငံ ပြုမူခြင်းများ ရှိခဲ့ကြောင်း လူနာ၏ မိသားစုဝင်များက ပြောဆိုသည်။ ထို့အပြင် ဆေးရုံသို့ အသည်းအသန် လူနာအဖြစ် တက်ရောက်ကုသနေရသော်လည်း ဆေးရုံအုပ်ကြီး Dr. အောင်ဇော်ထွန်း အနေဖြင့် လူနာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း မရှိဘဲ လက်ထောက်ဆရာဝန်များသာ လာရောက်ခြင်းအပေါ် လူနာရှင်များက အားမလိုအားမရ ဖြစ်လျက်ရှိကြောင်း သိရသည်။လက်ရှိတွင် ပန်းတနော်ပြည်သူ့ဆေးရုံသို့ လာရောက်အားကိုးနေရသည့် ဒေသခံပြည်သူများမှာ ​ဆေးရုံအုပ်ကြီးအနေဖြင့် လူနာများအား ခွဲခြားမှုမရှိဘဲ ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ကြည့်ရှုစစ်ဆေးပေးရန်၊ ​လူနာများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ ပြုလုပ်သည့် ဆရာမများကို အရေးယူပေးရန်၊ ​အစိုးရမှ အခမဲ့ပေးသော ဆေးဝါးများအပေါ် ငွေကြေးကောက်ခံနေမှုကို စစ်ဆေးတားမြစ်ပေးရန်၊​ပြည်သူကို ဝန်ဆောင်မှုပေးရမည့် စာရေးဝန်ထမ်းများ၏ ဆက်ဆံရေးကို ပြုပြင်ပေးရန်စသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ စစ်ဆေးအရေးယူပေးစေလိုကြောင်း ပြည်သူများမှ လိုလားနေကြောင်း သိရသည်။




news-view-count-icon

31