back

ဟင်္သာတ-ရန်ကုန် ယာဉ်လိုင်းများ ယာဉ်စီးခနှုန်းထားကြီးမြင့်မှုအပေါ် ခရီးသည်များ ဝေဖန်

Apr 26 • 1:07 PM

breaking-news

Myanmar

Ayeyarwady

cover

ဟင်္သာတ-ရန်ကုန် ယာဉ်လိုင်းများ ယာဉ်စီးခနှုန်းထားကြီးမြင့်မှုအပေါ် ခရီးသည်များ ဝေဖန်

​ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော မှန်လုံယာဉ်လိုင်းအချို့သည် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာသော...

​ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော မှန်လုံယာဉ်လိုင်းအချို့သည် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာသော်လည်း ယာဉ်စီးခနှုန်းထားများကို လျှော့ချခြင်းမရှိဘဲ မြင့်မားသော နှုန်းထားများဖြင့် ဆက်လက်ကောက်ခံနေခြင်းကြောင့် ခရီးသွားပြည်သူများ အခက်တွေ့နေရကြောင်း သိရသည်။ဟင်္သာတမှ ရန်ကုန်သို့ ခရီးစဉ်အပြည့် မစီးသော်လည်း (ဥပမာ- ဟင်္သာတမှ ဓနုဖြူအထိ) ခရီးစဉ်တိုများအတွက်ပင် ရန်ကုန်အထိကောက်ခံသော နှုန်းထားဖြစ်သည့် ငွေကျပ်(၃၀,၀၀၀)ကျပ်အထိ ပေးဆောင်နေရကြောင်း သိရသည်။ယာဉ်မောင်းအချို့က ကားခနှုန်းထား မြင့်မားနေရခြင်းမှာ လမ်းခရီးတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များနှင့် ခရိုင်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ DC လှိုင်ထွန်းနှင့် ဗိုလ်မှူးကျော်စွာဝင်းတို့ကို "လိုင်းကြေး" ပေးဆောင်နေရခြင်ကြောင့်ဖြစ်သည်ဟု အကြောင်းပြ ပြောဆိုမှုများရှိနေသည်။ အထူးသဖြင့် လယ်တော်ဂိတ်ကဲ့သို့သော နေရာများတွင် မှတ်ပုံတင်မပါရှိသည့် ခရီးသည်များအတွက် ရခများအား ငွေကျပ် ၅၀,၀၀၀ အထိ ပေးဆောင်ရခြင်းများ ရှိနေကြောင်း သိရသည်။အခြားတစ်ဖက်တွင်လည်း ယာဉ်ပိုင်ရှင်များက လက်ရှိကုန်ကျစရိတ်နှင့်

​စက်သုံးဆီစရိတ်သည် ကားသေးတစ်စီးလျှင် ယခင်ဆီဈေး ကျပ် (၂,၀၀၀ ) ဝန်းကျင်တွင် အသွားအပြန် ကျပ်(၁၅၀၀၀၀)ခန့်သာ ကုန်ကျသော်လည်း၊ ယခု ဆီဈေး ကျပ် (၅,၀၀၀ ) ဝန်းကျင်တွင် ကျပ် (၃၅၀၀၀၀)ကျော်အထိ ကုန်ကျနေခြင်းဖြစ်ပြီး ​လမ်းခရီးအခြေအနေသည် ရန်ကုန်-ဟင်္သာတ လမ်းပိုင်းအခြေအနေ ဆိုးရွားခြင်းကြောင့် ယာဉ်ကြံ့ခိုင်မှုစရိတ် ပိုမိုကုန်ကျခြင်း၊ ​ခရီးသည်ဦးရေက်ို ယာဉ်တစ်စီးလျှင် ခရီးသည် ၈ ဦးခန့်သာ တင်ဆောင်နိုင်သဖြင့် ကုန်ကျစရိတ်ကာမိစေရန် နှုန်းထားညှိနှိုင်းရခြင်းတို့ကြောင့် ကားခများ ဈေးတက်ရခြင်းဖြစ်သည်ဟု ယာဉ်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။လက်ရှိ ဟင်္သာတ-ရန်ကုန် လိုင်းတွင် ရဲရင့်ခိုင်၊ ဟင်္သာညီနောင်၊ ချယ်ရီ နှင့် မေတ္တာရှင် စသည့် ယာဉ်လိုင်းများ အဓိက ပြေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။




news-view-count-icon

57