back

လူငယ်ကစားသမား(၇)ဦး ကမ္ဘာ့အဆင့်မီဘောလုံးနည်းစနစ်များ သင်ကြားခွင့်ရမည်

Apr 26 • 7:02 AM

breaking-news

Myanmar

Local

cover

လူငယ်ကစားသမား(၇)ဦး ကမ္ဘာ့အဆင့်မီဘောလုံးနည်းစနစ်များ သင်ကြားခွင့်ရမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံဘောလုံးသင်တန်းမှတစ်ဆင့် AIA Coaching Clinic 2026 အစီအစဉ်အတွက် အရည်အချင်းရှိ လူငယ်ကစားသမား...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံဘောလုံးသင်တန်းမှတစ်ဆင့် AIA Coaching Clinic 2026 အစီအစဉ်အတွက် အရည်အချင်းရှိ လူငယ်ကစားသမား (၇) ဦးကို ဧပြီလ ၂၅ ရက်နေ့က ရွေးချယ်ခဲ့သည်။ အဆိုပါ ရွေးချယ်ခံရသူများသည် လာမည့် မေလ ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည့် အထူးသင်တန်းသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ယင်းသင်တန်းတွင် England Football Association အဆင့်ရှိ နိုင်ငံတကာနည်းပြများထံမှ ကမ္ဘာ့အဆင့်မီ ဘောလုံးနည်းစနစ်များကို (၂) ရက်တာ အထူးသင်ကြားလေ့ကျင့်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

24