မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မှရရှိသော သက်တမ်းနှစ်သန်း ၁၀၀ ခန့်ရှိ ပယင်းကျောက်အတွင်း၌ ခရီတေးစီးယပ်စ်ဘူမိခေတ်က အင်းဆက်ပိုးတစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းကို ဂျာမနီသိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါအင်းဆက်သည် ရှေ့လက်ချောင်းနှစ်ချောင်းတွင် ဂဏန်းလက်မကဲ့သို့ ပုံစံပါရှိသည့် ထူးခြားသော ကမ္ဘာဦးအင်းဆက်တစ်မျိုးဖြစ်ပြီး သိပ္ပံပညာရှင်များက "Carcinonepa Libererrants" ဟု အမည်ပေးထားသည်။ ၎င်းအမည်တွင် ပါဝင်သည့် "Libererrants" ဟူသော ဝေါဟာရမှာ တောင်ကိုရီးယားနာမည်ကျော် K-pop အဖွဲ့ဖြစ်သည့် Stray Kids ၏ အမည်ကို လက်တင်ဘာသာဖြင့် ဖလှယ်မှည့်ခေါ်ထားခြင်းဖြစ်သည်။ ယခုတွေ့ရှိမှုသည် လွန်ခဲ့သောနှစ်ပေါင်း သန်း ၁၀၀ ကျော်က မြန်မာနိုင်ငံမြောက်ပိုင်း မိုးသစ်တောဂေဟစနစ်ကို လေ့လာရာတွင် များစွာအထောက်အကူပြုနိုင်ကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ထားပါသည်။
သက်တမ်းနှစ် သန်း ၁ဝဝ ခန့်ရှိ မြန်မာ့ပယင်းကျောက်အတွင်း ရှားပါးအင်းဆက်တစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ
Apr 26 • 7:03 AM
Myanmar
Kachin
Share
| 51 | 0 | 0 | 0 |


